သဘာဝပစ္စည်းများဖြင့် ဆံပင်ဖြောင့်ခြင်း
01-Mar-2017
ဖြောင့်စင်း၊ တောက်ပ၊ ချောမွတ်နေတဲ့ ဆံသားဆိုတာ လူတိုင်းက လိုချင်တောင့်တနေတဲ့ အရာပါ။ ဘယ်မျက်နှာမျိုးနှင့်မဆို လိုက်ဖက်မှုရှိပြီး ဆံပင်ပုံစံအမျိုးမျိုးလည်းပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် နဂိုဆံပင်အဖြောင့် မဟုတ်သူတွေကတော့လှိုင်းတွေ၊ အကောက်တွေကိုဖယ်ရှားပစ်ဖို့ ဓာတုဗေဒဆေးတွေကို အားကိုးကြရပါတယ်။ ဒါပေမယ့် ဒီဆေးတွေကလည်း အချိန်အတိုင်းအတာတစ်ခုအထိပဲ ခံနိုင်ရည်ရှိတာကြောင့် အများဆုံးတစ်နှစ်လောက်ပဲ ခံတတ်ပါတယ်။ နောက်ပြီးရင်တော့ ဒီဓာတုဗေဒဆေးတွေ၊ အပူပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စတင်ခံစားရပါပြီ။ ဆံသားတွေခြောက်သွေ့တာ၊ ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်ပေါ်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတဲ့ အချက်ကတော့ သဘာဝပစ္စည်းတွေနဲ့ ဆံပင်ဖြောင့်လို့ရမယ့် နည်းလမ်းရှိနေတာဖြစ်ပြီးတော့ ပညာရှင်တွေကတော့ ဆံသားကို ပျက်စီးစေခြင်းမရှိဘဲ တစ်ခဏတာအတွက် မဟုတ်ဘဲ အမြဲတမ်းဆံပင်ဖြောင့်စင်းသွားစေရပါမယ်လို့ ဆိုထားပါတယ်။ ဒီသဘာဝဆံပင်ဖြောင့်ဆေးကတော့ -
• အုန်းနို့ရည်တစ်ခွက်
• ရှောက်ရည်
• သံလွင်ဆီစားပွဲဇွန်းနှစ်ဇွန်း
• ပြောင်းမှုန့် စားပွဲဇွန်းသုံးဇွန်းတို့ ပေါင်းစပ်ဖန်တီးရမှာဖြစ်ပြီးတော့ နေအိမ်မှာတင်
ဆံပင်ဖြောင့်စင်းအောင် လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မေဇွန်
Arogyam magazine, August 2016, Pg. 123
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

